Mar 11, 2019

ယန်းပေါလ်ဆာ့တ် သို့ ငြင်းခုံခြင်း

ဘာမှ..
ဖြစ် မသွားလောက်ဘူးလို့ မထင်ဘူး
တကယ်လည်း
ဘာမှ ဖြစ်မသွားတာ မဟုတ်ဘူး…/

ဘာတစ်ခုမှ
ဖြစ် မလာတာ မဟုတ်ပါလားလို့ တွေးမိ
ဘယ်တော့မှ
ဖြစ်မလာပဲ ရှိမလဲ ရယ်လို့လည်း တိတ်တခိုး ပျိုးမိ
ဘယ်သူကရော
ဖြစ်လာမှာ မဟုတ်ဘူးလို့ ယုံကြည်ခဲ့လဲ မေးမိ
ဖြစ်မလာနိုင်ခြင်းမှာ တိတိကျကျမရှိ..။


လောလောဆယ် ဖြစ်နေသမျှဟာ
ထင်မထားတဲ့ ဖြစ်မလာခြင်းများသာ
သံသရာထိ ဖြစ်ဖို့ ဖြစ်လာခဲ့ကြတာ
အခုလိုဖြစ်ဖို့ ဖြစ်လာခဲ့ကြတာ မဟုတ်ဘူး…။

ဘာမှ ဖြစ်မလာဘူးလား
ဖြစ်လာတာတွေ ဖြစ်မလာဘူးလား
ဖြစ်မလာတာတွေပဲ ဖြစ်လာနေသလား
ဒီလိုနဲ့..
အာရုံခြောက်ပါးလုံး ဖြစ်ဖြစ်မြည်အောင် ဖြစ်လာ
ဖြစ်ဖြစ်မြောက်မြောက် ဝန်ခံလိုက်မလို့ပါ…။

သူမ ရဲ့ ဖြစ်မလာတာတွေချည်း
ကျွန်တော့်မှာ ဖြစ်လာ…..။

source: KZAWIN